

Tap a topic below to open it.
Elastic ties
Built-in clip door
Made in Japan
Made in USA
၁။ သွားညှိကုသမှုခံယူနေတဲ့လူနာတွေကို အကြံပေးလေ့ရှိတာက သရေစာတွေကို မကြာခဏ မစားဖို့ပါ။ ခဏခဏ စားမိရင် သွားသန့်ရှင်းရေးကို မကြာခဏ လုပ်ပေးရပါတယ်။ စားချင်တဲ့ အစားအသောက်တွေကို မှတ်ထားပြီး ထမင်းစားတဲ့အချိန်မှာ ပေါင်းစားသင့်ပါတယ်။ ဒါဆိုရင် သွားသန့်ရှင်းရေးကို အကြိမ်ရေများစွာ လုပ်စရာမလိုတော့ပါဘူး။ ကိုယ်အလေးချိန်များတဲ့သူတွေဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ကိုယ်အလေးချိန်လျှော့ချပြီးသား ဖြစ်သွားတာ အပိုဆုအမြတ်ပေါ့။
၂။ မာတဲ့ အစားအစာတွေကို စားသင့်သလား? သွားညှိကုသမှုခံယူနေစဉ်ကာလမှာ သွားလေးတွေဟာ နည်းနည်းစီ လှုပ်နေတတ်ပါတယ်။ လှုပ်နေတဲ့သွားလေးတွေဟာ အမာတွေကို မကြာခဏ ဝါးရင် ဝါးတဲ့ဒဏ်ကို ခံရမှာ ဖြစ်ပါတယ်။ အဖြေကတော့ အမာတွေဝါးလို့ သွားမနာဘူးဆိုရင်တောင် မာလွန်းတဲ့ အစားအစာတွေကို ရှောင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သွားဆေးခန်းကို လာပြပြီးနောက် ပထမတစ်ပတ်အတွင်းမှာ အမာတွေကို ပိုရှောင်သင့်ပါတယ်။ အသစ်လဲလှယ်တပ်ဆင်ပေးလိုက်တဲ့ archwire, elastic တွေကြောင့် ပထမတစ်ပတ်အတွင်းမှာ ပိုနာ၊ ပိုလှုပ်နေတတ်လို့ပါ။ နောက်တစ်ချက်က အမာတွေကို ဝါးနေစဉ်မှာ တပ်ထားတဲ့ bracket အတုံးလေးတွေ ပြုတ်သွားရင် ပြန်တပ်ရတဲ့အတွက် ဆရာဝန်ရော၊ လူနာပါ အလုပ်ပိုရှုပ်စေပါတယ်။
၃။ စေးကပ်တဲ့ အစားအစာတွေကိုလည်း မစားတာ ပိုကောင်းပါတယ်။ စေးကပ်တဲ့ အစားအစာတွေကို သန့်ရှင်းရေး လုပ်ရတာ ပိုခက်ပါတယ်။ သန့်ရှင်းရေးလုပ်တာတောင် မပြောင်ဘဲ bracket တွေကြားမှာ ကပ်နေခဲ့ရင် သွားပိုးစားဆွေးမြေ့တာမျိုး ဖြစ်တတ်ပါတယ်။ ကပ်နေတဲ့ နေရာကို မပြောင်မချင်း သန့်ရှင်းရေးလုပ်နေရရင်လည်း ကပ်ထားတဲ့ bracket တွေကို မထိခိုက်ဘူးလို့ မပြောနိုင်ပါဘူး။
၄။ အမျှင်များတဲ့ အသီးအရွက်၊ အသားတွေကို သေးသေးလေးတွေ ဖြတ်တောက်ပြီးမှ စားရင် အဆင်ပြေနိုင်ပါတယ်။
For the Orthodontic Patients
အောင်မြင်သည့် သွားညှိကုသမှုဆိုသည်မှာ Orthodontist နှင့် ကုသမှုခံယူသူတို့အကြား ပူးပေါင်းဆောင်ရွက်မှုရှိခြင်းပင်ဖြစ်သည်။ သို့မှသာ ကောင်းမွန်သော ကုသမှုရလဒ်များကို ရရှိနိုင်ပေမည်။
လှပပြီး ကျန်းမာသန်စွမ်းသည့် အပြုံးတစ်ခု၏ အကျိုးကျေးဇူးများကို အသိအမှတ်ပြု နားလည်ထားသည့်အပြင် သွားနှင့်မေးရိုးဆိုင်ရာ ကုသမှုတွင် အကန့်အသတ် (Limitations) နှင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများရှိကြောင်းကိုလည်း သတိပြုသင့်ပါသည်။
ကုသမှုခံယူမည့်တစ်ဦးချင်းစီ၏ ပြဿနာများအပေါ်မူတည်၍ သွားတုအစားထိုးတပ်ဆင်ခြင်း (prosthesis, implant) (or) အကန့်အသတ်ဖြင့် သွားနှင့်မေးရိုးဆိုင်ရာ ကုသမှုပြုခြင်း (Limited orthodontics) စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားနိုင်ပေသည်။
ရက်ချိန်းအချိန်မှန်လာရောက်ခြင်း၊ ကောင်းမွန်၍စနစ်ကျသည့် ခံတွင်းသန့်ရှင်းမှုကို ထိန်းသိမ်းခြင်း နှင့် ညွှန်ကြားချက်များကို ဂရုတစ်စိုက်လိုက်နာဆောင်ရွက်ခြင်းအားဖြင့် Complications and Consequences များကို လျော့နည်းစေကာ ကောင်းမွန်သော ကုသမှုရလဒ်များရရှိမည်ဖြစ်သည်။
ကုသမှုကြာမြင့်ချိန်ကာလသည် တစ်ဦးချင်းစီ၏ သွားနှင့်မေးရိုးဆိုင်ရာ ပြဿနာများ၊ ကုသမှုခံယူသူ၏ ကြီးထွားဖွံ့ဖြိုးတိုးတက်မှု အဆင့်အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့်အခြေအနေအရပ်ရပ်ပေါ် မူတည်ပါသည်။ လက်တွေ့ကုသမှုကြာမြင့်ချိန်သည် ခန့်မှန်းကြာမြင့်ချိန်နှင့် အများအားဖြင့် နီးစပ်လေ့ရှိပါသည်။
သို့သော်လည်း မမျှော်လင့်ထားသည့် (Unanticipated growth) မျိုးဖြစ်လာသောအခါ၊ မျက်နှာနှင့် ခံတွင်းအစိတ်အပိုင်းများကို အကျိုးသက်ရောက်စေမည့် အမူအကျင့်များ ရှိနေသောအခါ၊ သွားပတ်ဝန်းကျင်ရှိ တစ်ရှူးနှင့်ဆိုင်သော (သို့) အခြားသွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာသောအခါ၊ ကုသမှုခံယူသူ၏ ပူးပေါင်းဆောင်ရွက်မှု လုံလောက်မှု မရှိသည့်အခါ စသည့် အခြေအနေတို့တွင် ကုသမှုပိုမိုကြာမြင့်ကာ Treatment Plan ပြောင်းလဲခြင်းများနှင့်အတူ Additional Fees များ ရှိလာနိုင်ပါသည်။
ပါးစပ်သည် အလွန်နူးညံ့၍ ထိခိုက်ခံစားလွယ်သောကြောင့် Braces တပ်ဆင်ပြီးနောက် နေသားကျရန် အချိန်ကာလတစ်ခုလိုအပ်နိုင်ပြီး သွားနှင့်မေးရိုးဆိုင်ရာ ကိရိယာပစ္စည်းများကို စတင်သုံးစွဲရခြင်းကြောင့် အနေရခက်၍ မသက်မသာ ခံစားရမှုများ ဖြစ်ပေါ်နိုင်ပါသည်။
သွားညှိကုသမှု ပြီးပြည့်စုံပြီးနောက် သွားများကို ၎င်းတို့၏ လိုအပ်သော (Treated Position) နေရာသစ်များတွင် ရှိနေစေရန်အတွက် သွားထိန်းကိရိယာ (retainer) များကို တပ်ဆင်ရန် လိုအပ်မည်ဖြစ်ပါသည်။ သွားထိန်းကိရိယာများကို ညွှန်ကြားထားသည့်အတိုင်း တပ်ဆင်ရမည် ဖြစ်ပြီး ထိုသို့မတပ်ဆင်ပါက အခြားသော အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည့်အပြင် သွားများလည်း နေရာပြန်ရွှေ့သွားနိုင်ပါသည်။
သို့သော်လည်း ကုသခံယူမှုပြီးသည့်နောက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများမှာ အစာ၊ ရေမြိုချသည့်အခါ (လျှာကို အပေါ်အောက် ရှေ့သွားများကြားသို့တွန်းခြင်း) (tongue thrusting)၊ (ပါးစပ်ဖြင့် အသက်ရှူခြင်းနှင့် ကြီးထွားခြင်းနှင့် အရွယ်ရောက်ခြင်း) စသည်တို့ပါဝင်သည့် ဘဝတစ်လျှောက်လုံးဆက်ဖြစ်နေမည့် သဘာဝ အကြောင်းအချက်များကြောင့် ဖြစ်နိုင်ပါသည်။
အချို့သော သွားညှိကုသမှုအခြေအနေများတွင် ငယ်သွားများ (Baby teeth) သို့မဟုတ် ကြီးသွားများ (Permanent teeth) ကို နှုတ်ယူရန်လိုအပ်နိုင်ပါသည်။
မေးရိုးဖွဲ့စည်းပုံ မူမမှန်သည့်သူများတွင် သွားညှိကုသခြင်းနှင့် မေးရိုးခွဲစိတ်ကုသခြင်းများကို အတူတကွ ပေါင်းစပ်၍ ကုသရန် လိုအပ်ပါသည်။
ကုသမှုပြုလုပ်နေစဉ်တွင် အကောင်းဆုံးသော ခံတွင်းသန့်ရှင်းမှုသည် အဓိကကျသော လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ လုံလောက်မှုမရှိသော (or) နည်းလမ်းမကျသော ခံတွင်းသန့်ရှင်းမှုသည် သွားပိုးပေါက်များ၊ အရောင်ညစ်ထေးသောသွားများ၊ သွားဖုံး နှင့် သွားဖုံးအရိုး ဆိုင်ရာ ရောဂါများ ဖြစ်စေနိုင်ပါသည်။ လိုအပ်ပါက သွားပတ်ဝန်းကျင်တစ်ရှူးနှင့် သွားဖုံးဆိုင်ရာ ဆရာဝန် (Periodontist) နှင့် ပြသစစ်ဆေးရမည်။ အကယ်၍ မထိန်းချုပ်နိုင်ပါက သွားညှိကုသမှုကို ပြီးဆုံးသို့မရောက်မီတွင် ရပ်တန့်ပစ်ရနိုင်ပါသည်။
အတိတ်ကာလတွင် ဦးခေါင်းနှင့်မျက်နှာတဝိုက် ထိခိုက်ဒဏ်ရာရခဲ့ခြင်း၊ အဆစ်ရောင်ရောဂါ၊ မေးရိုးအဆက်ပြဿနာများတွင် မျိုးရိုးလိုက်၍ဖြစ်ပွားခြင်း၊ အလွန်အမင်းသွားကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း၊ ဆိုးရွားလှသော သွားမညီညာမှုများနှင့် များစွာသော ဆေးကုသမှုများ အပါအဝင် အကြောင်းအချက်များစွာတို့က မေးရိုးအဆက် (Temporo-mandibular Joint) ၏ ကျန်းမာရေးကို အကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါသည်။
၎င်းပြဿနာများသည် သွားနှင့်မေးရိုးဆိုင်ရာကုသမှုနှင့်အတူ (သို့) ၎င်းကုသမှုမရှိသော်လည်း ဖြစ်ပေါ်နိုင်ပါသည်။ TMJ နာကျင်ခြင်း၊ မေးရိုးအဖွင့်အပိတ်ပြုလုပ်ရာတွင် အသံမြည်ခြင်း၊ ခက်ခဲခြင်းစသည့် လက္ခဏာများကို သွားနှင့်မေးရိုးဆိုင်ရာဆရာဝန်အား ချက်ခြင်းအသိပေးအကြောင်းကြားရမည် ဖြစ်ပါသည်။ ထိုသို့ရှိနေပါက အခြားသော ဆေးကုသမှုဆိုင်ရာများလည်း လိုအပ်နိုင်ပါသည်။
အချို့သောသွားများသည် သွားဖုံးသား (သို့) အရိုးအောက်တွင် ပိတ်မိနေခြင်း၊ အရိုးနှင့် တွဲဆက်နေခြင်း (or) ထွက်မလာနိုင်ခြင်းများ ဖြစ်နေတတ်ပါသည်။ ထိုအခြေအနေများကို ကုသမှုသည် တစ်ဦးချင်းအလိုက် အနေအထားများနှင့် ဖြစ်ပေါ်နေသည့် သွား၏ (overall importance) အပေါ် မူတည်ပြီး သွားနှုတ်ခြင်း၊ ငုပ်နေသောသွားများကို အပြင်သို့ ထွက်လာစေသည့် surgical exposure နည်းများကို အသုံးပြုခြင်း (သို့) သွားတုအစားထိုး တပ်ဆင်ခြင်းတို့ကို လိုအပ်နိုင်ပါသည်။
ကုသမှုပြီးဆုံးသည့်နောက်တွင် သွားမျက်နှာပြင်များကို အနုစိတ်ချိန်ညှိရန်အတွက် Grinding နည်းတစ်မျိုးဖြင့် Occlusal Equilibration နည်းကို ပြုလုပ်ရန်လိုအပ်နိုင်ပါသည်။
အရိုး၊ သွေး (or) ဟော်မုန်းစနစ်ချို့ယွင်းသောရောဂါများနှင့် Bisphosphonates ပါဝင်သော ဆေးဝါးများသည် ကုသမှုကို သက်ရောက်မှုရှိနိုင်သဖြင့် အသိပေးရန် အလွန်အရေးကြီးပါသည်။
ဆေးလိပ်၊ ဆေးရွက်ကြီး အသုံးပြုခြင်းကြောင့် သွားနှင့် ခံတွင်းရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားစေ၍ healing period ကို ပိုမိုကြန့်ကြာစေပါသည်။
ကုသမှုတွင် လိုအပ်ပါက TAD (mini implant screws) များ အသုံးပြုမှု ပါဝင်နိုင်ပါသည်။ ထို TAD အတွက် သီးသန့်ထပ်မံကုန်ကျနိုင်ပါသည်။
ကုသမှုအတွက် ကုန်ကျငွေသည် Orthodontist မှ ပြုလုပ်စီစဉ်ပေးသော ကုသမှုအတွက်သာ အကျုံးဝင်ပြီး အခြားသောသွားနှင့် ခံတွင်းဆိုင်ရာ ကုသမှုများ (ဥပမာ- သွားနှုတ်ခြင်း၊ သွားဖာခြင်း၊ သွားစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ Whitening Treatment၊ Veneer Treatment) တို့သည် သွားညှိကုသခြင်းတွင် မပါဝင်ပါ။
ဤနေရာတွင် ကျွန်ုပ်အနေဖြင့် သွားနှင့် မေးရိုးဆိုင်ရာ ကုသမှု မပြုလုပ်မီ၊ ပြုလုပ်ဆဲနှင့် ပြုလုပ်ပြီးအချိန်တွင် x-ray များအပါအဝင် Diagnostic Records များပြုစုခြင်းအတွက် ခွင့်ပြုချက်ပေးပြီး အထက်ဖော်ပြပါ ဆရာဝန်(များ)နှင့် လိုအပ်ပါက အထက်ဖော်ပြပါဆရာဝန်(များ) မှ ညွှန်ကြားထားသည့် သွားနှင့်မေးရိုးဆိုင်ရာကုသမှု ပြုလုပ်ပေးနေသော ဝန်ထမ်း တစ်ဦးချင်းအား ခွင့်ပြုချက်ပေးပါသည်။
ကျွန်ုပ်အနေဖြင့် ကုသမှုနှင့် ယှဉ်တွဲနေသည့် အန္တရာယ်များ၊ အကျိုးဆက်များ၊ ကုသခံယူမည့်သူ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပုံမှန်ငွေပေးသွင်းမှုများ (Regular Appointment and Regular Payment) များကို သိရှိနားလည်သဘောပေါက်ပြီးဖြစ်ပါသည်။
Our team is happy to explain anything on this page. Message us on Messenger or give us a call.