TOP

Digital WebCeph Analysis (AI-based)

Digital WebCeph Analysis (AI-based)

Digital WebCeph Analysis (AI-based)

သွားညှိကုသမှု ( Orthodontics Dentistry ) တွင် Digital WebCeph Analysis သည် အထူးပြုလုပ်ထားသော Artificial Intelligence (AI) ကို အခြေခံထားသည့် Cloud-based Platform တစ်ခုဖြစ်ပါတယ်

Digital WebCeph Analysis သည် (Manual Tracing) နှင့် နှိုင်းယှဉ်ပါက ပိုမို တိကျမှု (Accuracy) ၊ အချိန်ကုန်သက်သာစေမှု (Time Efficiency) နှင့် လုပ်ငန်းစဉ်များ ချောမွေ့မြန်ဆန်စေမှု (Workflow Optimization) တို့တွင် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်

Smart Brace Orthodontics Team သည် လူနာများအပေါ် အကောင်းမွန်ဆုံးနှင့် အထိရောက်ဆုံး သွားညှိကုသမှုရလဒ် များ ပေးစွမ်းနိုင်ရန် အဆိုပါ Digital WebCeph Analysis System ကို လူနာတစ်ဦး တစ်ယောက်ချင်းစီတိုင်း အတွက် အသုံးပြုလျှက်ရှိပါတယ်

အောက်ပါအချက်များသည် အဓိက ကောင်းကျိုးများဖြစ်ပါတယ်

  1. အလွန်လျင်မြန်ပြီး ထိရောက်မှုရှိခြင်း (Speed and Efficiency)
  2. လက်လုပ်ပုံစံနှင့် ယှဉ်နိုင်သော တိကျမှုနှင့် စိတ်ချရမှု (Accuracy and Reliability)
  3. ကုသမှု အစီအစဉ်ဆွဲခြင်းနှင့် ခွဲစိတ်မှု ပုံဖော်ခြင်း (VTO and Surgical Simulation)
  4. လူနာစီမံခန့်ခွဲမှုနှင့် မှတ်တမ်းပြုစုခြင်း (Patient Management and Cloud Storage) စသော အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်

အချုပ်အားဖြင့် Digital WebCeph Analysis System သုံးပြီး သွားညှိကုသမှုပြု လုပ်ခြင်းသည် ဆရာဝန်အတွက် ပိုမိုတိကျမြန်ဆန်သော ကုသမှုကို ဖြစ်ထွန်းစေပြီး လူနာအတွက်မူ ပိုမိုကောင်းမွန်သော အတွေ့အကြုံနှင့် ရလဒ်များကို ရရှိစေပါသည်။

Tags
Share Article:

admin