
သွားညှိကုသမှု (Braces) ဆိုတာ အသက်အရွယ်မရွေး ပြုလုပ်လို့ရတဲ့အရာတစ်ခုဆိုတာ သိပြီးပြီလားခင်ဗျာ
လူတော်တော်များများက သွားညှိတယ်ဆိုတာ ကလေးတွေနဲ့ လူငယ်တွေပဲ လုပ်လို့ရတယ်လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ သွားနဲ့သွားဖုံး ကျန်းမာရေး ကောင်းမွန်မယ်ဆိုရင် အသက်အရွယ်အပိုင်းအခြား မရှိဘဲ သွားညှိကုသမှု ခံယူလို့ရပါတယ်ခင်ဗျာ။
အသက်အရွယ်မရွေး သွားညှိခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို မျှဝေပေးပါရစေ …
ခေတ်မီနည်းပညာတွေကြောင့် အခုဆိုရင် လူကြီးတွေအတွက်လည်း သက်သောင့်သက်သာရှိပြီး သွားညှိထားမှန်း သိသာခြင်းမရှိတဲ့ နည်းလမ်းတွေအပြင် မိမိနဲ့ ကိုက်ညီမယ့် ကုသမှုပုံစံတွေကို ရွေးချယ်လာနိုင်ပြီဖြစ်ပါတယ်။
ဒါကြောင့် သွားညှိဖို့ အသက်အရွယ်တစ်ခုကို စောင့်နေစရာမလိုဘဲ မိမိရဲ့ အပြုံးလေးကို အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်ပါတယ်ခင်ဗျာ