TOP

Foods to Avoid During Braces Treatment

Foods to Avoid During Braces Treatment

Foods to Avoid During Braces Treatment

သွားညှိကာလအတွင်း ဘာတွေရှောင်စားမလဲ?

သွားညှိကုသမှု ခံယူနေစဉ်အတွင်းမှာ အစားအသောက် အနည်းငယ် ဆင်ခြင်ရတာမျိုးလေးတွေ ရှိတတ်ပါတယ်ခင်ဗျာ။

သွားညှိကိရိယာ (Bracket) လေးတွေ မကွာကျစေဖို့နဲ့ ကုသမှုကာလ မကြန့်ကြာစေဖို့အတွက် ပုံထဲမှာပြထားတဲ့ အောက်ပါ အစားအစာလေးတွေကို အထူးသတိထား ဆင်ခြင်ပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

အထူးသတိထား ရှောင်ကြဉ်ရမည့် အစားအစာများ

  • မာကျောသော အစားအစာများ: ရေခဲ၊ အခွံမာသီး (Nuts) နဲ့ ပေါင်မုန့်ကြွပ် စတဲ့ မာကျောတဲ့ အစားအစာတွေကို အားပြုပြီး ဝါးစားတဲ့အခါ သွားပေါ်မှာ တပ်ဆင်ထားတဲ့ Bracket လေးတွေ ပြုတ်ကျတာ၊ ဝါယာကြိုးတွေ ကွေးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • စေးကပ်သော အစားအစာများ: ကာရာမယ်လ် (Caramel)၊ ပီကေ၊ နဲ့ ကပ်စေးနဲတဲ့ သကြားလုံး (Gummy Candies) တွေဟာ သွားညှိကိရိယာတွေကြားထဲ ကပ်ငြိနေတတ်ပြီး သန့်ရှင်းရေးလုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါဟာ သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်ခင်ဗျာ။
  • ကိုက်ဖြတ်စားရသော အစားအစာများ: ပြောင်းဖူးပေါက်ပေါက် (Popcorn) လိုမျိုး အစားအစာတွေဟာလည်း သွားကြားထဲ ညပ်လွယ်ပြီး သန့်ရှင်းရေးလုပ်ရ ခက်ခဲစေပါတယ်။

စည်းကမ်းတကျ စားသောက်ပေးမှသာ အချိန်ကုန်သက်သာပြီး လှပတဲ့ အပြုံးသစ်လေးကို မြန်မြန်ဆန်ဆန် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

သွားညှိကုသမှုနဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သို့မဟုတ် မိမိနှင့် ကိုက်ညီမည့် ကုသမှုပုံစံကို ဆွေးနွေးချင်ပါက Smart Brace Orthodontics ၏ Chatbox / DM တွင် အခုပဲ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Tags
Share Article:

admin