
များပြားတဲ့ လူနာမှတ်တမ်းတွေကို သိမ်းဆည်းရာမှာ အရင်က ဆေးခန်းတစ်ခန်းတည်းမှာတင် လူနာမှတ်တမ်းဖိုင်ပေါင်း (၁,၅၀၀) နီးပါးကို စင်တွေပေါ်မှာ နေရာယူပြီး Physical အနေနဲ့ အစီအရီ သိမ်းဆည်းခဲ့ရပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ရဲ့ Digital Dentistry အစီအစဉ်အရ အဆိုပါ မှတ်တမ်းများကို စင်တွေပေါ်မှသည် Cloud-based စနစ်ပေါ်သို့ ဒစ်ဂျစ်တယ်ပုံစံ အပြည့်အဝ ပြောင်းလဲသိမ်းဆည်းနေတဲ့ ခရီးစဉ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ခင်ဗျာ။
ဒီလို ဒစ်ဂျစ်တယ်စနစ်ရဲ့ အားသာချက်တွေနဲ့အတူ ခေတ်မီပြီး အဆင့်မြင့် AI နည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ သွားညှိကုသမှုကို ခံယူဖို့ စိတ်ဝင်စားတယ်ဆိုရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ ကုသမှုနဲ့ပတ်သက်ပြီး AI နည်းပညာနဲ့ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် အခုပဲ ကျွန်တော်တို့ရဲ့ Chatbox/DM ကို စာပို့ပြီး ရက်ချိန်းရယူလိုက်ပါ ခင်ဗျာ။