
သွားညှိကုသခြင်း မပြုလုပ်ခင် သိထားသင့်တဲ့ အချက်လေးများ
သွားညှိကုသမှု (Orthodontic Treatment) ဆိုတာ မိမိရဲ့ ရုပ်ရည်သွင်ပြင်ကို ပိုမိုကြည်လင်ဝင်းပစေပြီး ယုံကြည်မှုတွေကို မြှင့်တင်ပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ ။ ဒါကြောင့် သွားညှိကုသမှု မခံယူခင် လူနာတိုင်း သိရှိနားလည်ထားရမယ့် အရေးကြီးတဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။
မိမိအနေနဲ့ ဘာကြောင့် သွားညှိချင်တာလဲ (ဥပမာ – သွားထပ်နေလို့လား၊ သွားကျဲနေလို့လား၊ ဒါမှမဟုတ် သွားခေါနေလို့လား) ဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး မိမိလိုချင်တဲ့ Aim ကို ရှင်းရှင်းလင်းလင်း ပြောပြပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။
သွားညှိခြင်းက အပြုံးကို လှပစေတဲ့ ကောင်းကျိုးတွေ အများကြီးရှိသလို၊ ကုသမှုကာလအတွင်း သွားတိုက်ရ ခက်ခဲတာ၊ အစားအသောက် အနည်းငယ် ဆင်ခြင်ရတာမျိုးလေးတွေ ရှိတတ်ပါတယ်။ ဒါလေးတွေကို ကြိုတင် နားလည်လက်ခံထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။
သွားညှိတယ်ဆိုတာ အချိန်ပေးရတဲ့ ကုသမှုမျိုးဖြစ်လို့ ဆရာဝန် ချိန်းဆိုတဲ့ ရက်ချိန်းတွေကို မှန်မှန်လာရောက်ဖို့နဲ့ ဆရာဝန်ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့က အရေးကြီးဆုံးပါပဲ။
ဆောင်ရန်/ရှောင်ရန် အသေးစိတ်တွေကို သိရှိလိုတဲ့ သူများအနေနဲ့ Chatbox ကနေတစ်ဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။