TOP

How Braces Improve Oral Health

How Braces Improve Oral Health

How Braces Improve Oral Health

သွားညှိတယ်ဆိုတာ ရုပ်ရည်အလှပအတွက်ပဲ ထိရောက်တာမဟုတ်ဘဲ ခံတွင်းကျန်းမာရေးတစ်ပြင်လုံးကို အများကြီး အထောက်အကူပြုတယ်ဆိုတာ သိပါသလားခင်ဗျာ?

သွားများ စောင်းနေခြင်း၊ ထပ်နေခြင်း သို့မဟုတ် အံမကိုက်ခြင်းတို့သည် ခံတွင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ခက်ခဲစေပြီး ရေရှည်မှာ ခံတွင်းကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်ခင်ဗျာ။

သွားညှိကုသခြင်းဖြင့် ရရှိလာမည့် ခံတွင်းကျန်းမာရေး အကျိုးကျေးဇူးများမှာ –

  • သွားတိုက်ရ လွယ်ကူလာပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း: သွားထပ်ခြင်းနှင့် စောင်းနေခြင်းများမရှိတော့ဘဲ သွားတစ်ချောင်းစီကို စနစ်တကျ သန့်ရှင်းနိုင်စွမ်း တိုးတက်လာသဖြင့် သွားကျောက်တည်ခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်ခင်ဗျာ။
  • မေးရိုးနှင့် သွားပွန်းပဲ့ခြင်းများမှ ကာကွယ်ပေးခြင်း: အံကိုက်မမှန်ပါက သွားအချင်းချင်း ပွတ်တိုက်မိပြီး ပါးလွှာပွန်းပဲ့ခြင်း၊ မေးရိုးကြွက်သားများ နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ကို သွားညှိခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
  • အစာချေစနစ်ကို အထောက်အကူပြုခြင်း: သွားများ ညီညာစွာ အံကျလာသည့်အခါ အစာကို ပိုမိုညက်ညက်ကြေအောင် ဝါးစားနိုင်ပြီး အစာအိမ်နှင့် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်ခင်ဗျာ။
  • စကားပြောဆိုမှု ပိုမိုပီသလာခြင်း: သွားအဟ သို့မဟုတ် မေးရိုးဖွဲ့စည်းပုံကြောင့် လေထွက်မမှန်ဘဲ အသံမသဲကွဲသည်များကို ပိုမိုစနစ်တကျ ပီသလာစေပါတယ်ခင်ဗျာ။

သင့်၏ ခံတွင်းကျန်းမာရေးနှင့် လှပသော အပြုံးသစ်အတွက် Chatbox သို့ ယခုပဲ ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးပြီး Appointment ရယူလိုက်ပါခင်ဗျာ။

Tags
Share Article:

admin