TOP

Caring for Your Teeth While Wearing Braces

Caring for Your Teeth While Wearing Braces

Caring for Your Teeth While Wearing Braces

Braces တပ်ထားချိန်မှာ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို မှန်ကန်စွာ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ တွေးပူနေမိတဲ့ လူနာများ ရှိလား ခင်ဗျာ?

သွားညှိနေချိန်မှာ သွားပေါ်က Brackets တွေနဲ့ ကြိုး (wires) တွေကြားထဲကို အစားအစာ အကြွင်းအကျန်တွေ အလွယ်တကူ ဝင်ရောက် ပိတ်ဆို့နိုင်ပါတယ်

ဒါတွေကို စနစ်တကျ မသန့်ရှင်းဘူးဆိုရင် သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း၊ ခံတွင်းနံ့နံခြင်းနဲ့ သွားကြွေလွှာပျက်စီးပြီး အဖြူကွက် (white spot lesions) တွေ ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကုသမှုကာလအတွင်း အောက်ပါအချက်လေးတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ခင်ဗျာ –

  • မှန်ကန်သော သွားတိုက်နည်းကို အသုံးပြုခြင်း – အမွေးနုတဲ့ သွားတိုက်တံ (သို့မဟုတ်) Orthodontic သွားတိုက်တံ (V-shaped) ကို အသုံးပြုပြီး သွားဖုံးနဲ့ ၄၅ ဒီဂရီ စောင်းကာ Brackets များရဲ့ အပေါ်နဲ့ အောက်ကို သေချာစွာ တိုက်ပေးရပါမယ်။ အစာစားပြီးတိုင်း သွားတိုက်ပေးဖို့လည်း အရေးကြီးပါတယ်။
  • Interdental Brush (သွားကြားပွတ်တံငယ်) အသုံးပြုခြင်း – ရိုးရိုးသွားတိုက်တံနဲ့ ပြောင်စင်အောင် မတိုက်နိုင်တဲ့ သွားနဲ့ ကြိုး (wire) ကြားနေရာတွေကို သန့်ရှင်းဖို့အတွက် Interdental Brush လေးတွေကို မဖြစ်မနေ အသုံးပြုပေးရပါမယ်။
  • နေ့စဉ် Floss (သွားကြားထိုးကြိုး) အသုံးပြုခြင်း – သွားနဲ့သွားကြားမှာရှိနေတဲ့ ချိုးတွေကို ဖယ်ရှားဖို့အတွက် Floss Threader ကို အသုံးပြုပြီး သွားကြိုးအောက်ကနေ ထည့်ကာ နေ့စဉ် ရှင်းလင်းပေးပါ။
  • ဖလိုရိုက် (Fluoride) ပါဝင်သော ပလုတ်ကျင်းရည် အသုံးပြုခြင်း – သွားကြွေလွှာကို ပိုမိုခိုင်မာစေဖို့နဲ့ သွားတိုက်တံ မရောက်နိုင်တဲ့ နေရာတွေကို သန့်စင်ပေးဖို့ Fluoride ပါဝင်တဲ့ ပလုတ်ကျင်းရည် (Mouthwash) ကို အသုံးပြုပေးနိုင်ပါတယ်။
  • အစားအသောက် ဆင်ခြင်ခြင်း – ကပ်စေးနဲတဲ့ အစားအစာတွေ (ဥပမာ – ပီကေ၊ ကာရာမဲလ်) နဲ့ မာကြောတဲ့ အစားအစာတွေ (ဥပမာ – ရေခဲ၊ အခွံမာသီး၊ ပြောင်းဖူးပေါက်ပေါက်) ကို ရှောင်ကြဉ်ရပါမယ်။ ဒါမှသာ Braces နဲ့ wires တွေ မပျက်စီးအောင် ကာကွယ်နိုင်မှာပါ။

သွားညှိကုသမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သို့မဟုတ် မိမိနှင့် ကိုက်ညီမည့် ကုသမှုပုံစံကို ဆွေးနွေးချင်ပါက Smart Brace Orthodontics ၏ Chatbox / DM တွင် အခုပဲ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

Tags
Share Article:

admin