သွားညှိတယ်ဆိုတာ ရုပ်ရည်အလှပအတွက်ပဲ ထိရောက်တာမဟုတ်ဘဲ ခံတွင်းကျန်းမာရေးတစ်ပြင်လုံးကို အများကြီး အထောက်အကူပြုတယ်ဆိုတာ သိပါသလားခင်ဗျာ?
သွားများ စောင်းနေခြင်း၊ ထပ်နေခြင်း သို့မဟုတ် အံမကိုက်ခြင်းတို့သည် ခံတွင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ခက်ခဲစေပြီး ရေရှည်မှာ ခံတွင်းကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်ခင်ဗျာ။
သွားညှိကုသခြင်းဖြင့် ရရှိလာမည့် ခံတွင်းကျန်းမာရေး အကျိုးကျေးဇူးများမှာ –
- သွားတိုက်ရ လွယ်ကူလာပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း: သွားထပ်ခြင်းနှင့် စောင်းနေခြင်းများမရှိတော့ဘဲ သွားတစ်ချောင်းစီကို စနစ်တကျ သန့်ရှင်းနိုင်စွမ်း တိုးတက်လာသဖြင့် သွားကျောက်တည်ခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်ခင်ဗျာ။
- မေးရိုးနှင့် သွားပွန်းပဲ့ခြင်းများမှ ကာကွယ်ပေးခြင်း: အံကိုက်မမှန်ပါက သွားအချင်းချင်း ပွတ်တိုက်မိပြီး ပါးလွှာပွန်းပဲ့ခြင်း၊ မေးရိုးကြွက်သားများ နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ကို သွားညှိခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
- အစာချေစနစ်ကို အထောက်အကူပြုခြင်း: သွားများ ညီညာစွာ အံကျလာသည့်အခါ အစာကို ပိုမိုညက်ညက်ကြေအောင် ဝါးစားနိုင်ပြီး အစာအိမ်နှင့် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်ခင်ဗျာ။
- စကားပြောဆိုမှု ပိုမိုပီသလာခြင်း: သွားအဟ သို့မဟုတ် မေးရိုးဖွဲ့စည်းပုံကြောင့် လေထွက်မမှန်ဘဲ အသံမသဲကွဲသည်များကို ပိုမိုစနစ်တကျ ပီသလာစေပါတယ်ခင်ဗျာ။
သင့်၏ ခံတွင်းကျန်းမာရေးနှင့် လှပသော အပြုံးသစ်အတွက် Chatbox သို့ ယခုပဲ ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးပြီး Appointment ရယူလိုက်ပါခင်ဗျာ။