သွားညှိတယ်ဆိုတာ ရုပ်ရည်အလှပအတွက်ပဲ ထိရောက်တာမဟုတ်ဘဲ ခံတွင်းကျန်းမာရေးတစ်ပြင်လုံးကို အများကြီး အထောက်အကူပြုတယ်ဆိုတာ သိပါသလားခင်ဗျာ? သွားများ စောင်းနေခြင်း၊ ထပ်နေခြင်း သို့မဟုတ် အံမကိုက်ခြင်းတို့သည် ခံတွင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ခက်ခဲစေပြီး ရေရှည်မှာ ခံတွင်းကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်ခင်ဗျာ။ သွားညှိကုသခြင်းဖြင့် ရရှိလာမည့် ခံတွင်းကျန်းမာရေး အကျိုးကျေးဇူးများမှာ – သွားတိုက်ရ လွယ်ကူလာပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း: သွားထပ်ခြင်းနှင့် စောင်းနေခြင်းများမရှိတော့ဘဲ သွားတစ်ချောင်းစီကို စနစ်တကျ သန့်ရှင်းနိုင်စွမ်း တိုးတက်လာသဖြင့် သွားကျောက်တည်ခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်ခင်ဗျာ။ မေးရိုးနှင့် သွားပွန်းပဲ့ခြင်းများမှ ကာကွယ်ပေးခြင်း: အံကိုက်မမှန်ပါက သွားအချင်းချင်း ပွတ်တိုက်မိပြီး ပါးလွှာပွန်းပဲ့ခြင်း၊ မေးရိုးကြွက်သားများ နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ကို သွားညှိခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အစာချေစနစ်ကို အထောက်အကူပြုခြင်း: သွားများ […]
Explore More