Braces at Any Age
သွားညှိကုသမှု (Braces) ဆိုတာ အသက်အရွယ်မရွေး ပြုလုပ်လို့ရတဲ့အရာတစ်ခုဆိုတာ သိပြီးပြီလားခင်ဗျာ လူတော်တော်များများက သွားညှိတယ်ဆိုတာ ကလေးတွေနဲ့ လူငယ်တွေပဲ လုပ်လို့ရတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သွားနဲ့သွားဖုံး ကျန်းမာရေး ကောင်းမွန်မယ်ဆိုရင် အသက်အရွယ်အပိုင်းအခြား မရှိဘဲ သွားညှိကုသမှု ခံယူလို့ရပါတယ်ခင်ဗျာ။ အသက်အရွယ်မရွေး သွားညှိခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို မျှဝေပေးပါရစေ … စကားပြော ပိုမိုပီသလာခြင်း – သွားတွေ ညီညာလာတဲ့အခါ စကားပြောတဲ့အခါ လေထွက်မှန်ကန်လာပြီး အသံထွက် ပိုမိုပီသလာစေပါတယ်။ သွားနဲ့သွားဖုံး ကျန်းမာရေး ကောင်းမွန်လာခြင်း – သွားတွေ ထပ်နေတာ၊ စောင်းနေတာတွေ မရှိတော့တဲ့အတွက် သွားတိုက်ရ ပိုလွယ်ကူလာပြီး သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုခြင်း – သွားတွေ တစ်ခုနဲ့တစ်ခု အံကျဖြစ်လာတဲ့အတွက် အစာကို […]
Explore More